Black★Rock Shooter

Black Rock Shooter - မြန်မာစာတန်းထိုး

Genre - Action,Drama,Science fantasy
Directed by - Shinobu Yoshioka,Hiroyuki Imaishi(CG Battle)
Written by - Mari Okada
Music by - Hideharu Mori
Studio - Ordet,Sanzigen
Licensed by - AUSSiren Visual,UKManga Entertainment
Original run - February 2, 2012–March 22, 2012
Episodes - 8
Duration - 23 min per episode
Audio - Japanese
Subtitles - Burmese

- ဇာတ်လမ်း Review -

ဒါဟာ ကျွန်တော်တို့သိတဲ့ကမ္ဘာတစ်ခု မဟုတ်ပါဘူး ၊ ထိုကမ္ဘာထဲမှာ အနက်ရောင်ဝတ်စုံ ၊ ပြောင်လက်နေတဲ့ ဆံပင်အနက်ရောင် ၊ ရွှန်းရည်ရည် ပြာလဲ့လဲ့ မျက်လုံးတစ်စုံရှိတဲ့ မိန်းကလေး တစ်ယောက်ဟာ လှည့်လည်သွားလာလျက်ရှိပါတယ် ၊ သူမရဲ့ လက်ထဲမှာ အမြောက်ကြီးတစ်ခုကိုကိုင်ဆောင်ထားပြီး ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ ရင်ခိုင်တိုက်ခိုက်လေ့ရှိသူ ၊
သူမရဲ့ နာမည်ကတော့
Black★Rock Shooter

တစ်ချိန်တည်းမှာပဲ တခြားကမ္ဘာတစ်ခုမှာ အလယ်တန်း ကျောင်းသူလေးတစ်ယောက်ဖြစ်တဲ့ Mato Kuroi ဟာ ထူးဆန်းတဲ့မိသားစုနာမည်ရှိတဲ့ အတန်းဖော်လေး Yomi Takanashi ကို အရမ်းကို ခင်တွယ်မိနေပါတယ် ၊ Mato ဟာ သိပ်မပွင့်လင်းတဲ့ Yomi နဲ့စကားပြောနိုင်ဖို့အတွက် အကောင်းဆုံး
ကြိုးစားရှာပါတယ် ။

ထို့နောက် တစ်နေ့မှာတော့ Mato အတွက် အခွင့်အရေး ပြတင်းပေါက်တစ်ခု ပွင့်ဟ လာခဲ့ပါတယ် ၊ Yomi မှာ သူမအကြိုက်ဆုံးစာအုပ် “Li’l Birds At Play” လေး ရှိနေတာကို Mato သိသွားပြီးတဲ့အခါမှာတော့ Yomi နဲ့ စကားဝိုင်းလေးတစ်ခု ဖြစ်သွားခဲ့ပြီး Yomi ရဲ့အိမ်ကို လိုက်လာခဲ့ပါတယ် -

သူတို့စကားပြောနေတဲ့အချိန်မှာ ရောက်လာတာကတော့
ဝှီးချဲနဲ့မိန်းကလေးတစ်ယောက် ၊ သူမကတော့ Yomi ရဲ့
အချစ်ဆုံးသူငယ်ချင်း Kagari Izuriha ပါ …
ဒီကားလေးကတော့ ကမ္ဘာနှစ်ခုဖြစ်တဲ့
Mato နဲ့ Black★Rock Shooter တို့ နှစ်ဦးသားရဲ့
“နာကျဉ်မှု” ဇာတ်လမ်းလေးပါဗျ -


Comments

Post a Comment