Kuroshitsuji (Black Butler)
Season-2
မဟူရာဘဏ္ဍာစိုး - မြန်မာစာတန်းထိုး
- ဇာတ်လမ်း Review -
19ရာစုနှောင်းပိုင်း အင်္ဂလန်ပြည်။
မိဘမဲ့ ခိုကိုးရာမဲ့ ကလေးနှစ်ယောက်ဟာ ခိုးဝှက်စားသောက်ရင်းနဲ့ပဲအသက်ရှင်ခဲ့တယ်။ သူခိုးပေါက်စလေးနှစ်ကောင်ရဲ့နေ့ရက်တိုင်းနီးပါးဟာ ရိုက်နှက်ခံရခြင်းနဲ့အဆုံးသတ်ခဲ့တယ်။ ဒီလိုနဲ့ညီအကိုနှစ်ယောက်ရဲ့နာကျည်းမှုတွေဟာ တစ်စတစ်စကြီးထွားလာတယ်။ ''လူတွေလူတွေ...အကြင်နာကင်းမဲ့တဲ့လူတွေ။ အားလုံးပျောက်ကွယ်သွားရင်ကောင်းမှာပဲ'' လို့ဆုတောင်းခဲ့မိတာလည်း အကြိမ်ပေါင်းမနည်းတော့ပါ။ ဒါပေမယ့် အဲဒီဆုတောင်းဟာ တကယ်ပဲပြည့်ဝခဲ့မယ်လို့ ထင်မထားမိတာတော့ အမှန်။တစ်ခုသောညနေမှာ သူခိုးပေါက်စလေးတွေ့လိုက်ရတဲ့မြင်ကွင်းကတော့ ရွာသားများတစ်ယောက်မကျန် သေဆုံးနေတဲ့မြင်ကွင်း။ အသက်ရှင်ကျန်ရစ်သူဆ်ုလို့ တစ်ယောက်ထဲသာရှိတော့တယ်။
''အားလုံး ပျောက်ကွယ်သွားရင်ကောင်းမှာပဲ''
ဒီဆုတောင်းဟာ ကိုယ့်ရဲ့တစ်ဦးတည်းသောညီလေးအပေါ်ပါသက်ရောက်ခဲ့မယ်လို့မထင်ခဲ့။
အားလုံးပျောက်ကွယ်သွားတဲ့ ရွာလေးမှာ သူ့ရဲ့ကံကြမ္မာဆိုးတွေက အဆုံးသတ်မသွားခဲ့ပါဘူး။
လူကုန်ကူးတဲ့သူဌေးတွေလက်ထဲရောက်သွားတဲ့ သူခိုးပေါက်စကောင်လေးရဲ့ရင်ထဲကနာကျည်းမှုကို မိစ္ဆာတစ်ကောင်က ကြားသွားသောအခါ..
Trancyလို့ခေါ်တဲ့ သူကောင်းမျိုးရိုးရဲ့အမွေဆက်ခံသူ Alois Trancy..
သူ့ရဲ့သစ္စာရှိဘဏ္ဍာစိုး Claude..
Phantomhiveအိမ်တော်ရဲ့အမွေဆက်ခံသူ Ciel Phantomhive..
သူ့ရဲ့သစ္စာရှိဘဏ္ဍာစိုး Sebastian..
ဒီလူတွေဟာ တစ်ခုသောညနေမှာ တစ်ခုသောအရပ်မှာ တွေ့ဆုံခဲ့ကြရင်း အသစ်သောအမှောင်လောက။ အသစ်သော ဦးတည်ချက်များနဲ့ အသစ်သောဇာတ်လမ်းလေးတစ်ခုဟာ မွေးဖွားလာပါတော့တယ်...
KUROSHITSUJI 2( မဟူရာဘဏ္ဍာစိုး အတွဲ၂)
~ဘဏ္ဍာစိုးဟာ တစ်ဦးတည်းသောသခင်အတွက် နိုးထအံ့~
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)(ဇာတ်သိမ်း)
S1 မရှိဘူးလားဗျ
ReplyDeleteS1 မရှိဘူးလားဗျ
ReplyDeleteကျန်တဲ့အပိုင်းတွေလည်းထည့်ပေးပါ
ReplyDeleteရှာမတွေ့လို့